Home

Welcome to My New Blogging Blog

အသားမစားရင် တကယ်ပဲ bodybuilding လုပ်ဖို့ဖြစ်နိုင်ပါ့မလား

The Game Changers နာမယ်နဲ့ ရုပ်ရှင်က အစာအာဟာရနဲ့ ပတ်သက်ပြီး ကျွန်တော်တစ်လျှောက်လုံး နားလည်ခဲ့တာတွေကို လှန့်နှိုးသွားတာပဲ။ သက်သတ်လွတ် Vegan တစ်ယောက်အဖြစ်‌နေသွားသင့်ပြီလားဆိုတဲ့ မေးခွန်းကို တွန်းအားအကြမ်းစားကြီးနဲ့ ခေါင်းထဲထည့်ပေးသွားတယ်။ စွမ်းအင်အကြောင်းမယ်… ကမ္ဘာတစ်ဝှမ်း နယ်ပေါင်းစုံက သက်သတ်လွတ် အားကစားသမားတွေနဲ့ သူတို့ကိုလုပ်ထားတဲ့ သုတေသနတွေအရ ကျွန်တော်တို့ဟာ ဓာတ်ဆီအင်ဂျင်ထဲ ဒီဇယ်ထည့်မောင်းနေတယ်လို့ ဆိုတယ်။ ကို Nay MinLwin ကို Vegan တစ်ယောက် Bodybuilding လုပ်နိုင်သလားမေးတော့ သူက အင်း..အဲ.. နဲ့. “ရတယ်၊ ဒါပေမယ် တော်တော်အတိအကျ တွက်ချက်စားနိုင်မှ” ဆိုပြီးဖြေရှာတယ်။ Vegan and vegetarian bodybuilders ဆိုပြီး ဂူးဂဲကြည့်ပေါ့။ ကျန်းမာရေးမှာလည်း စိတ်ဝင်စားစရာကောင်းတယ်။ အသားလုပ်ငန်းနဲ့ အသားပါတဲ့မုန့်လုပ်တဲ့ လုပ်ငန်းကြီးတွေကနေ အသားစားခြင်းနဲ့…

ရိုက်ပြီးဆုံးမတာဟာ အဖြေတစ်ခုလား

ခုလိုဆရာကန်တော့ပွဲကာလတွေရောက်တော့ ငယ်ငယ်က ကျောင်းခန်းထဲမှာ အရိုက်ခံခဲ့ရဖူးတဲ့အကြောင်းလေးစိတ်ထဲပေါ်လာတယ်။ ဘာမှမထူးဆန်းတဲ့အကြောင်းအရာလို့ခင်ဗျားတို့ ထင်ကောင်းထင်လိမ့်မယ်။ ကျောင်းနေအရွယ်မှာ ကျောင်းသူ၊ ကျောင်းသားတော်တော်များများအရိုက်ခံခဲ့ရဖူးတာပဲမဟုတ်လား။ မင်းကြမှ ဘာထူးဆန်းလို့လည်းလို့ တချို့လည်းပြောကြမှာပါ။ ဆရာ ဆရာမ သည် ကျောင်းသူကျောင်းသားကိုရိုက်တာ ဘာမှမထူးဆန်းဘူးလို့ထင်နေကြသူတွေ မြန်မာနိုင်ငံမှာ အများကြီးပဲမဟုတ်လား။ အရိုက်ခံရတာနဲ့ပတ်သတ်လို့ ‌ပြောရရင်…ကျောင်းနောက်ကျလို့၊ အိမ်စာမလုပ်ခဲ့လို့၊ စာမရလို့၊ သူများခဲတံခိုးလို့၊ ဆေးလိပ်ခိုးသောက်လို့၊ ကောင်မလေးကို ရည်းစားစာပေးလို့၊ ရန်ဖြစ်လို့ စသည်ဖြင့် အရိုက်ခံရတာတွေရှိတယ်။ ဒါမျိုးကိစ္စနဲ့အရိုက်ခံရတဲ့အခါ ရိုက်သူ နာသူ ကြားမှာ သိပ်အဖုအထစ်ဖြစ်ကျန်ခဲ့မယ်မထင်ဘူး။ မလုပ်သင့် မဖြစ်သင့်တာကိုလုပ်လို့ အရိုက်ခံရတာပဲလို့မှတ်လိုက်ပြီး မေ့မေ့ဖျောက်ဖျောက်ဖြစ်သွားတာပဲ။ မမေ့နိုင်တဲ့သူလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်တချို့ကိစ္စမျိုးနဲ့ အရိုက်ခံရတဲ့ကျောင်းသားကျောင်းသူတွေရဲ့ရင်ထဲမှာ ဆူးတွေကြီးကြီးမားမားပေါက်လာတတ်တာကိုတော့ ခုခေတ်ဆရာဆရာမတွေ အလေးထားဖို့လိုပါလိမ့်မယ်။ ကျွန်တော်ဆို ဆရာကန်တော့ပွဲတွေတက်ဖို့ ဘယ်လိုမှစိတ်အားမထက်သန်တော့တာကိုယ့်ကိုယ်ကိုသတိထားမိလာတယ်။ အလှူလာခံရင်လည်း ရင်ထဲမှာရှိလို့မဟုတ်ပဲ မကောင်းတတ်လို့လှူလိုက်တာမျိုးပဲရှိတော့တယ်။ ခုခါမှာတော့ဆရာအတတ်သင်ကျောင်း၊ ပညာရေးကောလိပ်တို့မှာ ကလေးစိတ်ပညာဘာသာရပ်ကို…


Follow My Blog

Get new content delivered directly to your inbox.

Design a site like this with WordPress.com
Get started