အသားမစားရင် တကယ်ပဲ bodybuilding လုပ်ဖို့ဖြစ်နိုင်ပါ့မလား

The Game Changers နာမယ်နဲ့ ရုပ်ရှင်က အစာအာဟာရနဲ့ ပတ်သက်ပြီး ကျွန်တော်တစ်လျှောက်လုံး နားလည်ခဲ့တာတွေကို လှန့်နှိုးသွားတာပဲ။ သက်သတ်လွတ် Vegan တစ်ယောက်အဖြစ်‌နေသွားသင့်ပြီလားဆိုတဲ့ မေးခွန်းကို တွန်းအားအကြမ်းစားကြီးနဲ့ ခေါင်းထဲထည့်ပေးသွားတယ်။ စွမ်းအင်အကြောင်းမယ်… ကမ္ဘာတစ်ဝှမ်း နယ်ပေါင်းစုံက သက်သတ်လွတ် အားကစားသမားတွေနဲ့ သူတို့ကိုလုပ်ထားတဲ့ သုတေသနတွေအရ ကျွန်တော်တို့ဟာ ဓာတ်ဆီအင်ဂျင်ထဲ ဒီဇယ်ထည့်မောင်းနေတယ်လို့ ဆိုတယ်။ ကို Nay MinLwin ကို Vegan တစ်ယောက် Bodybuilding လုပ်နိုင်သလားမေးတော့ သူက အင်း..အဲ.. နဲ့. “ရတယ်၊ ဒါပေမယ် တော်တော်အတိအကျ တွက်ချက်စားနိုင်မှ” ဆိုပြီးဖြေရှာတယ်။ Vegan and vegetarian bodybuilders ဆိုပြီး ဂူးဂဲကြည့်ပေါ့။ ကျန်းမာရေးမှာလည်း စိတ်ဝင်စားစရာကောင်းတယ်။ အသားလုပ်ငန်းနဲ့ အသားပါတဲ့မုန့်လုပ်တဲ့ လုပ်ငန်းကြီးတွေကနေ အသားစားခြင်းနဲ့Continue reading “အသားမစားရင် တကယ်ပဲ bodybuilding လုပ်ဖို့ဖြစ်နိုင်ပါ့မလား”

ရိုက်ပြီးဆုံးမတာဟာ အဖြေတစ်ခုလား

ခုလိုဆရာကန်တော့ပွဲကာလတွေရောက်တော့ ငယ်ငယ်က ကျောင်းခန်းထဲမှာ အရိုက်ခံခဲ့ရဖူးတဲ့အကြောင်းလေးစိတ်ထဲပေါ်လာတယ်။ ဘာမှမထူးဆန်းတဲ့အကြောင်းအရာလို့ခင်ဗျားတို့ ထင်ကောင်းထင်လိမ့်မယ်။ ကျောင်းနေအရွယ်မှာ ကျောင်းသူ၊ ကျောင်းသားတော်တော်များများအရိုက်ခံခဲ့ရဖူးတာပဲမဟုတ်လား။ မင်းကြမှ ဘာထူးဆန်းလို့လည်းလို့ တချို့လည်းပြောကြမှာပါ။ ဆရာ ဆရာမ သည် ကျောင်းသူကျောင်းသားကိုရိုက်တာ ဘာမှမထူးဆန်းဘူးလို့ထင်နေကြသူတွေ မြန်မာနိုင်ငံမှာ အများကြီးပဲမဟုတ်လား။ အရိုက်ခံရတာနဲ့ပတ်သတ်လို့ ‌ပြောရရင်…ကျောင်းနောက်ကျလို့၊ အိမ်စာမလုပ်ခဲ့လို့၊ စာမရလို့၊ သူများခဲတံခိုးလို့၊ ဆေးလိပ်ခိုးသောက်လို့၊ ကောင်မလေးကို ရည်းစားစာပေးလို့၊ ရန်ဖြစ်လို့ စသည်ဖြင့် အရိုက်ခံရတာတွေရှိတယ်။ ဒါမျိုးကိစ္စနဲ့အရိုက်ခံရတဲ့အခါ ရိုက်သူ နာသူ ကြားမှာ သိပ်အဖုအထစ်ဖြစ်ကျန်ခဲ့မယ်မထင်ဘူး။ မလုပ်သင့် မဖြစ်သင့်တာကိုလုပ်လို့ အရိုက်ခံရတာပဲလို့မှတ်လိုက်ပြီး မေ့မေ့ဖျောက်ဖျောက်ဖြစ်သွားတာပဲ။ မမေ့နိုင်တဲ့သူလည်း ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့်တချို့ကိစ္စမျိုးနဲ့ အရိုက်ခံရတဲ့ကျောင်းသားကျောင်းသူတွေရဲ့ရင်ထဲမှာ ဆူးတွေကြီးကြီးမားမားပေါက်လာတတ်တာကိုတော့ ခုခေတ်ဆရာဆရာမတွေ အလေးထားဖို့လိုပါလိမ့်မယ်။ ကျွန်တော်ဆို ဆရာကန်တော့ပွဲတွေတက်ဖို့ ဘယ်လိုမှစိတ်အားမထက်သန်တော့တာကိုယ့်ကိုယ်ကိုသတိထားမိလာတယ်။ အလှူလာခံရင်လည်း ရင်ထဲမှာရှိလို့မဟုတ်ပဲ မကောင်းတတ်လို့လှူလိုက်တာမျိုးပဲရှိတော့တယ်။ ခုခါမှာတော့ဆရာအတတ်သင်ကျောင်း၊ ပညာရေးကောလိပ်တို့မှာ ကလေးစိတ်ပညာဘာသာရပ်ကိုContinue reading “ရိုက်ပြီးဆုံးမတာဟာ အဖြေတစ်ခုလား”

လွတ်လပ်ရေးဆိုတာ ဘာလဲ

အရင်ခေတ်တွေတုန်းက ဖိနှိပ်ချုပ်ချယ်ခံရလို့ လွတ်လပ်ခွင့်ပေးပါ၊ ဒီမိုကရေစီပေးပါဆိုပြီး တစာစာအော်နေခဲ့တဲ့ သူတွေထဲမှာ သူများယောင်လို့သာ လိုက်ယောင်ပြီး လေနဲ့၀မ်း မကွဲတဲ့ဖိနှိပ်ခံတချို့ပါခဲ့လေသလားမသိ။ခေါင်းဆောင်ပိုင်းက ကြွေးကြော်ခဲ့တဲ့ ဒီမိုကရေစီနဲ့လွတ်လပ်ခွင့်တွေကို အောက်ခြေက၀န်းရံသူတွေဘက်က တကယ်ရောနားလည်ရဲ့လား။တကယ်ရောတန်ဖိုးထားရဲ့ လားဆိုတာ မေးခွန်းထုတ်စရာဖြစ်လာတယ်။အခုထင်ရှားတဲ့တက္ကသိုလ်ကြီးတစ်ခုမှာ ကျောင်းသားအဖွဲ့အစည်းက လူငယ်တချို့ သပိတ်မှောက်ဆန္ဒပြကြတယ်။ဆန္ဒပြတဲ့ ကိစ္စ ကလည်းတခြားမဟုတ်ဘူး။တက္ကသိုလ်အာဏာပိုင်အဖွဲ့အစည်း က လုပ်ထုံးလုပ်နည်းနဲ့ သွေဖီတာကိုအရေးယူကြပ်မတ်ပေးဖို့တောင်းဆိုတာ။တောင်းဆိုသင့်တဲ့ကိစ္စ။ဘယ်သူမှန်လဲ၊မှားလဲ မပြောပါဘူး။ဒါပေမယ့် လွတ်လပ်စွာ တောင်းဆိုခွင့်ရှိတာတော့အမှန်ပဲ။အဲ့လိုတောင်းဆိုဆန္ဒထုတ်ဖော်တဲ့ကိစ္စက်ု မောင်မင်းကြီးသားတချို့ကခါးခါးတူးတူး ရှုတ်ချပြစ်တင်ကြသဗျ။ဘာတဲ့“အဲ့ကျောင်းသားတွေ အရင်ခေတ်ကလို သေနတ်စာကျွေးရမှာ”တို့၊“ထောင်ထဲမောင်းသွင်းရမှာ”တို့အဲ့ဒီ့လို ယုတ်ယုတ်မာမာ တွေကပါသေးသား။အဲ့လိုပြောတဲ့ လူတချို့မှာ ကိုယ့်ကိုယ့်ကို လစ်ဘရယ်အမာခံတွေ၊ဒီမိုကရက်တစ်သမားတွေ လို့ အမြဲကြွေးကြော်နေတဲ့ လူတွေပါလာတာ အံ့သြစရာပဲ။တချို့က အာဏာရှင်စနစ်ကိုမုန်းတယ်ဆိုပြီးသာ ပါးစပ်ကအော်နေတာအကျင့်တွေကအရိုးစွဲနေကြပြီ။တချို့ကျလည်း ပဒေသရာဇ်စနစ်နဲ့ဒီမိုကရေစီ ကို ကွဲပုံမရဘူး။“မေမေ့လူတွေ အမြဲမှန်တယ်။အဘ က အမှားမရှိဘူး”ဒါမျိုးတွေနဲ့ လုံးချာလိုက်နေကြတာ….ဒီမိုကရေစီ ဆိုတဲ့ ချာတိတ်မလေးကိုဖက်ဆစ်နဲ့ပဒေသရာဇ်တွေက ပုဆိုးနဲ့ အုပ်ထားတာ ကြာခဲ့ပြီပဲ….

စောဒကနှင့်အဖြေ

စောဒကနှင့် အဖြေ အတိတ်ကံကို ဘာသာမဲ့တစ်ယောက်အနေနဲ့ ဘယ်လိုမြင်သလဲ?? အဖြေ။ ကံဆိုတာ ပါဠိစကား ကမ္မကနေလာတဲ့ စကားလုံးပါ။ အလုပ်လို့ အဓိပ္ပာယ်ရပါတယ်။ အတိတ်ကံ၊ ပစ္စုပ္ပန်ကံ ဆိုတာတွေဟာ အရင်က လုပ်ခဲ့တဲ့အလုပ်၊ အခုလုပ်နေတဲ့ အလုပ်ဆိုပါတော့။ ကာယကံ၊ ၀စီကံ၊ မနောကံဆိုတာ ခန္ဓာနဲ့လုပ်တဲ့အလုပ်၊ နှုတ်နဲ့လုပ်တဲ့အလုပ်၊ စိတ်နဲ့လုပ်တဲ့ အလုပ်ပါပဲ။ ဒါကြောင့် ဘာသာမဲ့တွေက အတိတ်ကံကို မယုံတာမဟုတ်ပါဘူး။ အတိတ်ဘ၀ဆိုတာကိုသာ မယုံတာပါ။ အတိတ်ဘ၀က သက်သေပြစရာမရှိပါဘူး။ အတိတ်ကံကတော့ ပြစရာရှိတယ်လေ။ ဖွင့်ဆိုပုံတော့ ကွာမှာပေါ့။ အတိတ်ကံဆိုတာ ငယ်ငယ်တုန်းကအလုပ်။ အဲဒါကလည်း အကျိုးပေးတတ်ပါတယ်။ ငယ်ငယ်က အချိုတွေ သိပ်စားလွန်းလို့ သွားတွေပိုးစားပြီး ပျက်စီးတော့ ကြီးလာတဲ့အခါ သွားကိုက်၊ သွားနာ၊ သွားကျိုး ဖြစ်လာမှာပေါ့။ ငယ်ငယ်က ဆေးလိပ်အရက်တွေ အသောက်များခဲ့တော့Continue reading “စောဒကနှင့်အဖြေ”

ဂျိန်းဘာသာ၀င်တွေသာ ယောက်ျားတွေများတယ်

ဂျိန်းဘာသာဟာ ယောက်ျားတွေပဲ ဘုန်းကြီးဝတ်ရတဲ့ဘာသာဖြစ်တယ်.. သိတဲ့အတိုင်း ဂျိန်းဘုန်းကြီးဖြစ်ရင် ကိုယ်လုံးတီးနေရတယ်.. ဒါကြောင့် မိန်းမတွေဘုန်းကြီးဝတ်ဖို့ မဖြစ်နိုင်ဘူး မဖြစ်သင့်ဘူးလို့ သတ်မှတ်ထားကြတယ်.. ဒါအပြင် ဂျိန်းဘာသာအယူအဆအရ မိန်းမခန္ဓာကိုယ်နဲ့ လွတ်မြောက်မှုကို မဖန်တီးနိုင်ဘူးလို့လည်း ယူဆထားကြတယ်.. မိန်းမတွေ လွတ်မြောင်ချင်ရင်တော့ နောက်ဘဝ ယောက်ျားဖြစ်အောင်အရင်အားထုတ်ရတယ်.. ယောက်ျားခန္ဓာကိုယ်နဲ့ နောင်ဘဝမွေးဖွားလာမှ လွတ်မြောက်မှုအတွက် ကျင့်ကြံအားထုတ်နိုင်မယ်လို့ ဆိုကြတယ်.. ဒီလို အမျိုးသမီးတွေကို ခွဲခြားဖိနှိပ်ထားခြင်းကို မာလိဘိုင်ဆိုတဲ့ ဂျိန်းအမျိုးသမီးတျောက်က မကျေနပ်ဘူး.. ယောက်ျားတွေပဲ လွတ်မြောက်နိုင်တယ်ဆိုတဲ့ အယူအဆဟာ ယောက်ျားတွေပဲ ဖန်တီးထားတဲ့အယူအဆဖြစ်တယ်ဆိုပြီး တော်လှန်တဲ့အနေနဲ့ ကိုယ်လုံးတီးဘုန်းကြီးအဖြစ် လွတ်မြောက်မှုတရားတွေကို ကျင့်ကြံအားထုတ်ပါတယ်.. ဘယ်ဂျိန်းအမျိုးသမီးမှ မတော်လှန်ရဲတာကို မာလိဘိုင်က ရဲဝံစွာတော်လှန်လိုက်တယ်.. မာလိဘိုင်ကိုလည်း ဘုန်းကြီးအဖြစ် အားလုံးက အသိအမှန်ပြုခဲ့ရတယ်.. ဒါပေမယ့် ရဲရဲတောက်သူတော်စဉ်မ မာလိဘိုင်ကွယ်လွန်ပြီးနောက် မာလိနသ်ဆိုတဲ့ ယောက်ျားနာမည်ပြောင်းပြီး ရုပ်ထုထုလုပ်ကာContinue reading “ဂျိန်းဘာသာ၀င်တွေသာ ယောက်ျားတွေများတယ်”

ဆောင်းရာသီအထူးဈေးဗန်း

ဆောင်းရာသီအထူးဈေးဗန်း ================================================================ ML Girl Gamer များအား သတင်းကောင်းပါးခြင်း ညီမလေး မင်း မှာ skillအရမ်းဂျွတ်ပြီး ရှုံးလဲ မဆဲပဲ အေးဆေးနဲ့ ပျော်ပျော် Roပြီး ဆော့ပေးမယ့် ကိုကြီး တစ်ယောက် လိုနေပါသလား? အဲ့အတွက်မပူပါနဲ့ ကိုကြီး ကို သတိရလိုက်ပါ ကိုကြီး ဘာတွေလုပ်ပေးနိုင်မလဲဆိုတော့ 1— ကိုကြီးမှာ hero အစုံနီးပါးရှိတဲ့ အတွက် မင်းကိုင်စေချင်တဲ့ heroကို ကျိန်းသေကိုင်ပေးမယ်ဆိုတာ အာမခံပါတယ် (Lance&Ode/ Gs&Les etc ) Roချင်တယ်ဆိုလဲ ညီမလေးသဘောနော် ကိုကြီးကဖြည့်ဆည်းပေးမှာ 2—Map အမြဲကြည့်ဆော့တတ်တဲ့အကျင့်ရှိတဲ့အတွက်see map see map ဆိုပီး စိုးရိမ်ကြောင့်ကျမှုတွေနဲ့ အော်မနေစေရဘူးလို့ အာမခံပါတယ် လိုအပ်တိုင်း မင်းအနားမှာ အမြဲနေဖို့အာမခံနိုင်ပါတယ် 3—RKContinue reading “ဆောင်းရာသီအထူးဈေးဗန်း”

ဂေါ်ဖီထုပ်

new update မှာပါတဲ့ဒီကောင်လေးကိုသတ်တာနဲ့ပဲ. ” ကိုယ့်အတွက်နာကျင်စရာတွေပေးတဲ့သူကိုတွယ်ကပ်နေတာတို့” ဘလာဘလာဘာညာပေါ့ တကယ်စောက်ပေါတွေ ဂိမ်းကဂိမ်းပေါ့ .. ငါကတော့တွေ့တိုင်းသတ်တယ် ငါလိုးမဂေါ်ဖီထုပ်သေကွာ

အသက်ရှည်နည်း‌ေဟာနေရင်းသေဆုံးသွား

NEWS AND ENTERTAINMENT အသက်ရှည်အောင်နေနည်း ဟောပြောနေတဲ့အမျိုးသား ရုတ်တရက် လဲကျသေဆုံး December 27, 2019 News Celetrend ကျန်းမာရေးအထောက်အကူပြုကုမ္ပဏီမှ တရုတ် CEO တစ်ဦးဟာ မိဘပြည်သူများနဲ့တွေ့ဆုံပွဲမှာ အသက်ရှည်အောင်နေနည်း၊ ကျန်းမာရေးကောင်းအောင်နေနည်း စတဲ့ပညာပေးဆိုင်ရာအချက်တွေကို ဟောပြောနေစဉ်မှာ ရုတ်တရက် လဲကျသေဆုံးခဲ့ကြောင်း သိရပါတယ်။ ဒီအကြောင်းကို WorldOfBuzz က ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ တရုတ်နိုင်ငံ၊ Guangdong မှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။ သေဆုံးသူရဲ့အမည်ကတော့ Chen Pei Wen ဖြစ်ပြီး Guangdong Zhongyi Health Technology Co., Ltd မှ CEO ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၇)ရက်မှာ ဖြစ်ခဲ့တာပါ။ Chen ဟာContinue reading “အသက်ရှည်နည်း‌ေဟာနေရင်းသေဆုံးသွား”

တင်ပါးယားလို့တဲ့

ဖင်ယားလို့ကုတ်တာဆိုတာက လူတိုင်း လူမမြင်ကွယ်ရာမှာလုပ်လေ့ရှိတဲ့ကိစ္စဆိုပေမဲ့လည်း ဒီတစ်ခေါက်ဖော်ပြမဲ့အမျိုးသားကတော့ ဖင်ယားလို့ကုတ်ရင်ကနေ ဆေးရုံကိုတောင်တင်လိုက်ရတာပါ ။ ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသားဟာ 7လက်မအရှည်ရှိတဲ့ ပုလင်းနှင့်၎င်းရဲ့တင်ပါးကိုကုတ်ရင်းကနေ ချော်ထွက်သွားပြီးနောက် သူ၏စအိုပေါက်ထဲမှာ အဆိုပါပုလင်းကစိုက်ဝင်သွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ တရုတ်နိုင်ငံမှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့November 1 ရက်နေ့က Mr Wen အမည်ရှိတဲ့အမျိုးသားဟာ 2လက်မအကျယ်ရှိတဲ့ ပုလင်းအပေါက်ဝက စအိုပေါက်မှာစိုက်ဝင်နေပြီး ခက်ခဲစွာလမ်းလျှောက်ရင်း ဆေးရုံသို့ရောက်ရှိလာခဲ့တဲ့အဖြစ်ကြောင့် အဆိုပါအဖြစ်အပျက်ဟာ လူသိရှင်ကြားဖြစ်သွားခဲ့ရတာပါ ။ဆေးအကူဝန်ထမ်းများကိုတော့ Mr Wen ဟာ အဆိုပါပုလင်းနဲ့တင်ပါး ယားယံနေတာကိုကုတ်ဖို့လုပ်နေရင်းနဲ့ အရှည် 7လက်မနဲ့ အကျယ် 2လက်မရှိတဲ့ပုလင်းကြီးက သူ၏စအိုပေါက်အတွင်းသို့ ချော်ပြီးဝင်ရောက်သွားခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။ X-ray ရိုက်ပြီးစစ်ဆေးပြီးခဲ့ချိန်မှာတော့ ပုလင်းဟာစအိုပေါက်ထဲအမှန်တကယ် ဝင်ရောက်သွားခဲ့တာဖြစ်တဲ့အတွက် Mr Wen ဟာခွဲစိတ်ကုသမှုခံယူပြီး စအိုပေါက်ထဲက ပုလင်းရှည်ကြီးကိုပြန်ထုတ်ခဲ့ရပါတယ် ။

Design a site like this with WordPress.com
Get started